7-7-2019 တနင်္ဂနွေနေ့ အပြောင်းအရွှေ့သတင်းတိုများ

  • Manchester United အသင်းသည် Newscastle မှ အသက်(၂၁)နှစ်အရွယ်လူငယ်ကစားသမား Sean Longstaff အား ခေါ်ယူရန်ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။
  • Chelsea အသင်းမှ လူငယ်ကစားသမား Odoi သည် အသင်းနှင့်စာချုပ်သက်တမ်းသစ်တရပ်ချုပ်ဆိုတော့မည်ဖြစ်သည်။
  • Leicester City အသင်းသည် ယခင်နှစ်ရာသီဝက်က မိုနာကိုအသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် အသက်(၂၂)နှစ်အရွယ်ကွင်းလယ်လူ Youri Tielemans အား စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ်ခေါ်ယူရန် ပြင်ဆင်လျှက်ရှိသည်။
  • Tottenham Hotspurs အသင်းသည် Real Madrid ကွင်းလယ်လူ Dani Ceballos အား Liverpool အသင်းနှင့် အပြိုင်ခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်းသိရသည်။
  • Ajax ကစားသမား De Ligt (၁၉နှစ်)အတွက် Manchester United၊ PSG တို့နှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းခဲ့ရာ ၂သင်းလုံးမှတောင်းဆိုသည့်စျေးကိုပေးရန် သဘောတူညီခဲ့သည်။
  • Arsenal အသင်းသည် Real ကစားသမား Lucas Vazquez (၂၉) နှစ်အား ပေါင် (၃၁) သန်းဖြင့် လာမည့်အပတ်အတွင်း ခေါ်ယူနိုင်တော့မည်ဖြစ်သည်။
  • Westham အသင်းသည် Bournemouth တိုက်စစ်မှူး Callum Wilson အားခေါ်ယူရန် ပစ်မှတ်ထားလျှက်ရှိကြောင်းသိရသည်။
  • တရုတ်ကလပ်အသင်း Guanchu မှ ကမ်းလှမ်းမှုများအား Mourinho မှပယ်ချသွားခဲ့သည်။
  • Dinamo Zagreb မှ စပိန်လူငယ်ကစားသမား Dani Olmo သည် Spurs အသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရပြီး ၎င်းအားခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်း၏ မျှော်လင့်ချက်များကုန်ဆုံးခဲ့ပြီဖြစ်သည်။
    Nicolo Zaniolo အား Roma အသင်းထံမှ ခေါ်ယူရန် Spurs ကြိုးစားလျှက်ရှိသည်။

Leave a Reply

Your email address will not be published.

လအလိုက်သတင်းများ

ကဏ္ဍအလိုက်သတင်းများ