လေ့ကျင့်ရေးကွင်းတွင် ဒါဏ်ရာရရှိခဲ့သဖြင့် ဘာစီလိုနာပွဲစဉ်များအား မက်ဆီလွဲချော်မည်

ဘာစီလိုနာတိုက်စစ်မှုး လီယိုနယ်လ်မက်ဆီ သည် အသင်းနှင့် ပြန်လည်ပူးပေါင်းသည့် ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာပင် ခြေသလုံးကြွက်သားဒါဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ၎င်းအနေဖြင့် ဘာစီလိုနာ၏ အမေရိကန်နိုင်ငံတွင် ယခုတပတ်အတွင်းကစားမည့် နာပိုလီအသင်းနှင့်ပွဲစဉ် (၂) ပွဲအား ဝင်ရောက်ကစားပေးနိုင်တော့မည်မဟုတ်ပေ။

“သူ့ရဲ့ ညာဘက်ခြေထောက်ကြွက်သားနာကျင်မှုကြောင့် မက်ဆီအား အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ကြောင်း… ” ဘာစီလိုနာအသင်းက ထုတ်ပြန်ကြော်ငြာခဲ့သည်။

ဆေးစစ်ချက်များအရ ကြွက်သားယောင်ယမ်းဒါဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အသင်း၏ အမေရိကခရီးစဉ်အားမလိုက်ပါသွားပဲ ဘာစီလိုနာတွင်သာကုသမှုခံယူမည်ဖြစ်သည်။ ပြန်လည်ကစားနိုင်မည့်အချိန်မှာမူ ၎င်း၏ဒါဏ်ရာမှသက်သာလာမည့် အခြေအနေပေါ်မူတည်နေကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published.

လအလိုက်သတင်းများ

ကဏ္ဍအလိုက်သတင်းများ