မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ

လက်စတာနောက်ခံကစားသမား မက်ဂွာရီ အတွက် မန်ချက်စတာယူနိုက်တက်အသင်းနှင့် လက်စတာအသင်းတို့ ဆွေးနွေးနေပြီဖြစ်သော်လည်း ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမရနိုင်သေးကြောင်း သိရှိရသည်။ ယူနိုက်တက်အသင်းအနေဖြင့် မက်ဂွာရီအတွက် ယူရို သန်း (၇၀) + အပိုဆုကြေး (၁၀) သန်း စုစုပေါင်း ယူရို သန်း(၈၀) ဖြင့်ကမ်းလှမ်းခဲ့သော်လည်း လက်စတာအသင်းဘက်မှ ယူရို(၈၅) သန်းအပြင် စွမ်းဆောင်ရည်ပေါ်မူတည်၍ နောက်ထပ် (၁၀) သန်း စုစုပေါင်း (၉၅) သန်းထိအလိုရှိနေသည်။

Embed from Getty Images

မနှစ်နွေရာသီက ယူနိုက်တက်သို့ ပြောင်းရွှေ့ရန်လွဲချော်ခဲ့ပြီးနောက် မက်ဂွာရီအနေဖြင့် ယခုနှစ်တွင်သွားရောက်ပူးပေါင်းလိုကြောင်း လက်စတာတာဝန်ရှိသူများအား ပြောကြားထားပြီးဖြစ်သည်။ ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူသည် အဖျားရောဂါကြောင့် တနင်္လာနေ့လေ့ကျင့်ခန်းအစီအစဉ်များကိုလွဲချော်ခဲ့ပြီး အင်္ဂါနေ့တွင်လေ့ကျင့်ခန်းပြန်ဆင်းခဲ့သော်လည်း အတ္တလန်တာအသင်းနှင့် ခြေစမ်းပွဲတွင်ပါဝင်ကစားမည်မဟုတ်ပေ။

အပြောင်းအရွှေ့ရာသီပိတ်သမ်းရန် တစ်ပတ်ခန့်သာလိုတော့ချိန်တွင် ယူနိုက်တက်တို့အနေဖြင့် စျေးကွက်တွင်း အလိုရှိသည့်ကစားသမားများအား ခေါ်ယူရန်ခက်ခဲလျှက်ရှိပြီး လက်ရှိတွင် မက်ဂွာရီအား အဓိကပစ်မှတ်ထားကြိုးစားနေသော်လည်း နာပိုလီအသင်းမှ ကူလီဘလီကိုလည်း စိတ်ဝင်စားလျှက်ရှိနေကြောင်းသိရှိရသည်။

Embed from Getty Images

အခြားသတင်းတရပ်အနေဖြင့် တိုက်စစ်မှူးလူကာကူအား ယူဗင်တပ်စ်အသင်းမှစိတ်ဝင်စားလျှက်ရှိပြီး ယူနိုက်တက်မှ အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် ဒိုင်ဘာလာအားပြန်လည်အလိုရှိနေသည်။ လူကာကူအနေဖြင့် ယူဗင်တပ်စ်သို့ပြောင်းရွှေ့လိုသော်လည်း ဒိုင်ဘာလာမှာ အင်္ဂလန်ကလပ်သို့ပြောင်းရွှေ့ပါက ချန်ပီယံလိဂ်ကစားခွင့် အနည်းဆုံးတစ်ရာသီလွဲချော်မည့်ကိစ္စအား စဉ်းစားလျှက်ရှိနေကြောင်းသိရှိရသည်။ အာဂျင်တိုင်းတိုက်စစ်ကစားသမားသည် သောကြာနေ့တွင် ယူဗင်တပ်စ်တာဝန်ရှိသူများနှင့် အပြောင်းရွှေ့အတွက် ဆွေးနွေးမည်ဖြစ်သည်။

အင်တာမီလန်အသင်းမှလည်း လူကာကူအတွက် ခေါ်ယူရန်ဆွေးနွေးမှုများပြုလုပ်ဆဲဖြစ်သော်လည်း ယူနိုက်တက်တောင်းဆိုသည့် ယူရိုသန်း (၈၀) အား ပေးချေရန်ငြင်းဆိုခဲ့သည်။

အခြားခေါ်ယူမည့်ကစားသမားစာရင်းတွင် ပါဝင်သော ရှောင်လောင်းစတပ်ဖ်အတွက် နယူးကာဆယ်အသင်းမှ အနည်းဆုံးပြောင်းရွှေ့ကြေးယူရိုသန်း (၅၀) ရမှရောင်းချမည်ဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲသာကစားဖူးသေးသည့် ၂၁နှစ်သားကစားသမားအတွက် ယူနိုက်တက်ဘက်မှ ယူရို ၂၅သန်းမှ သန်း ၃၀ ကြားသာပေးရန် ဆန္ဒရှိနေသည်။

Leave a Reply

Your email address will not be published.

လအလိုက်သတင်းများ

ကဏ္ဍအလိုက်သတင်းများ