ဇန်နဝါရီတွင် ကစားသမား-နည်းပြအဖြစ် ဒါဘီကောင်တီသို့ပြောင်းရွှေ့မည့် ဝိန်းရွန်နေ

ဒီစီယူနိုက်တက်အသင်းတိုက်စစ်မှူး ဝိန်းရွန်းနေသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမား-နည်းပြအဖြစ် ဒါဘီအသင်းသို့ (၁၈) လစာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဒါဘီအသင်းမှ အတည်ပြုထုတ်ပြန်ခဲ့သည်။

အသင်းမန်နေဂျာဖြစ်သူ ဖိလစ်ပီကိုကူးက … ” ဝိန်းဟာအရမ်းကောင်းတဲ့ ထိပ်တန်းကစားသမားတစ်ယောက်ပါ… သူဒီကိုရောက်လာမယ့်အချိန်ကို စောင့်မျှော်ရတာ ရင်ခုန်စရာကောင်းပါတယ်… သူကကျွန်တော်တို့အတွက် အကျိုးရှိစေပါလိမ့်မယ်… ကလပ်အသင်းမှာရော အင်္ဂလန်အသင်းမှာပါ အရမ်းကောင်းတဲ့ကစားသမားအဖြစ် သက်သေပြနိုင်ခဲ့သလို အခုထိလဲဒီအရည်အသွေးမျိုးသူ့မှာကျန်နေပါသေးတယ်…”

ရွန်းနေ၏အင်္ဂလန်အသင်းဖော်ဟောင်းဖြစ်သူ ဖရန့်လမ်းပတ်သည်လည်း သူ၏နည်းပြဘ၀ကို ယခင်နှစ်ကဒါဘီကောင်တီအသင်းမှာပင် စတင်ခဲ့သည်။ ဝိန်းရွန်းနေက.. ” အခုလိုဒါဘီအသင်းက ကမ်းလှမ်းမှုအပေါ် စိတ်လှုပ်ရှားမိပါတယ်… ဇန်နဝါရီမှာ အသင်းနဲ့ပူးပေါင်းဖို့ မစောင့်နိုင်လောက်အောင်ပါပဲ… ကျွန်တော့်အတွေ့အကြုံတွေက ဒါဘီအသင်းအတွက် ကောင်းကောင်းအထောက်အကူဖြစ်စေလိမ့်မယ်လို့ သေချာပြောနိုင်ပါတယ်… ” ဟုဆိုခဲ့သည်။

ဝိန်းရွန်းနေသည် မန်ချက်စတာယူနိုက်တက်အသင်းမှ ကစားသမားဘ၀စတင်ရာ အဲဗာတန်အသင်းသို့ပြောင်းရွှေ့ကစားခဲ့ပြီး ယခင်နှစ်နွေရာသီကမှ ဒီစီယူနိုက်တက်နှင့် ၃နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုမှတစ်ဆင့် ယခုဇန်နဝါရီတွင် ဒါဘီသို့ (၁၈)လ စာချုပ်ဖြင့်ပြောင်းရွှေ့ရန် အကြိုသဘောတူညီခဲ့ခြင်းဖြစ်သည်။ ကစားသမားသက်တမ်းတလျှောက် အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်း၏ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး အင်္ဂလန်အတွက် ပွဲ (၁၂၀)ကစားကာ (၅၃) ဂိုး၊ မန်ချက်စတာယူနိုက်တက်အတွက် (၅၅၉) ပွဲကစားကာ (၂၅၃) ဂိုး သွင်းယူပေးခဲ့သည်။

Leave a Reply

Your email address will not be published.

လအလိုက်သတင်းများ

ကဏ္ဍအလိုက်သတင်းများ