ဖူဆယ်မှာ ပြစ်ဒဏ်ဘောကန်နည်း

Soccer Guides Facebook Page မှ ပြန်လည်ကူးယူတင်ပြပါသည်။

ဖူဆယ်ဟာ Football မှာလို Wall အရမ်းမဝေးတော့ ပြစ်ဒဏ်ဘောကန်တဲ့အခါ ဗျူဟာလေးတွေရှိပါတယ်… သေချာကတော့ လူတံတိုင်းဟာ ဂိုးအထဲနဲ့ ဂိုးအရှေ့အရမ်းနီးကပ်လွန်းတဲ့နေရာမှာ မဟုတ်ခဲ့ရင် တိုက်ရိုက်အပေါ်ဘော မကန်ကြပါဘူး… ကန်သင့်တဲ့ အနေအထားလေးတွေနဲ့ လူနေရာယူပုံလေးတွေကို ပြောပြပါ့မယ်…အခုပြောမယ့်နည်းတွေက Indirect နည်းပါ… Direct ကန်လို့လည်းရပါတယ်… Wall Stand က နှစ်ယောက်ကာရင် တိုက်ရိုက်ကန်ဖို့မလွယ်ပါဘူး… ပုံတစ်ပုံချင်းစီမှာ ရှင်းပြထားပါတယ်…

soccer guides

အရင်ဆုံး 5 နဲ့ 6 ဟာ တစ်ယောက်တည်းလို့ မှတ်ပေးပါ… နေရာအပြောင်းအလဲကြောင့် ခွဲထားတာပါ… နေရာယူပုံကတော့ ပုံကိုကြည့်တာနဲ့ သိသာပါတယ်… 2 နဲ့ 5 က ကန်မယ့်နေရာမှာ နေမယ်… ဘောလုံးနဲ့ 5 မီတာအတွင်းကို ပြိုင်ဖက်ဝင်လို့မရပါဘူး… 3 နဲ့ 4 က တစ်ဖက်လူရဲ့ လူကပ်တာခံရမယ်… နေရာတွေပြထားပေမယ့် ငြိမ်ငြိမ်မနေရပါဘူး… လှည့်ပတ်ပြေးနေရမှာပါ… Marking လုပ်ရခက်အောင် လှုပ်ရှားနေပါ… 3 နဲ့ 4 ရဲ့ နေရာယူပုံက တစ်ဖက်လူကို ဘော်ဒီခုရင် ညာဖက်လက်ကို ကွေးပီး ခုထားပါ… ဒီအနေအထားနဲ့ ပုံစံသုံးမျိုး ကန်လို့ရပါတယ်…
ပထမတစ်မျိုးက 2 နဲ့ 5 ဟာ ဘောလုံးဆီကို ပြိုင်တူပြေးကန်မလို ပြေးပါ… 5 က ဘောလုံးပေါ်နေကျော်ပီး 6 ဆိုတဲ့အမှတ်ဆီကိုပြေးချိန်မှာ သူပြေးလမ်းထဲကို မျှောပေးပါ… 5 က 6 ဆိုတဲ့နေရာကနေ ဂိုးရှေ့ကို ချက်ချင်း Pass အပြင်းလုပ်ပါ… ဘော်ဒီခုထားတဲ့ 4 ကအခွင့်သာရင် ကိုယ်တိုင်သွင်းပါ… 2 က 5 ကို ဘောလုံးပေးပီးတာနဲ့ 4 ဆိုတဲ့ ပုံထဲကအမှတ်အသားဆီ တန်းပြေးပါ… 3 က 2 နေရာကို Position change ပါ… တကယ်လို့ 5 ပေးတာကို 4 ကကန်ဖို့အခွင့်မသာရင် ထိပီးဖြစ်ဖြစ် မထိပဲဖြစ်ဖြစ် ဟ ပေးလိုက်ရင် ခုန ပြေးတက်လာတဲ့ 2 ကပိတ်သွင်းလို့ရပါတယ်…
နောက်တစ်မျိုးက 2 က ကန်မယ့်ဟန်ပြင်ပီး 5 ရဲ့ ဘေးနားက ပန်းရောင်အစက်လောက်ကို ဘောလုံးခင်းပေးပီး 5 ကို အပြင်းကန်သွင်းခိုင်းတာပါ… ဒါကတော့ ရိုးရှင်းပါတယ်…
နောက်တစ်နည်းက ပထမနည်းအတိုင်း 5 က 6 ဆိုတဲ့နေရာကိုပြေးမယ်… 2 က 5 ကိုမပေးပဲ ဘော်ဒီခုထားတဲ့ 4 ဆီကို လှမ်းပေးမယ်… Wall ကာတဲ့နှစ်ယောက်ထဲက တစ်ယောက်က 5 ကို လိုက်ကပ်ခဲ့ရင် Wall တစ်ယောက်ပဲ ကျန်ပါတယ်… ခုနအတိုင်း 2 က 4 ဆီကို တည့်တည့်ပြေးပါ… 4 က ကိုယ့်ကို ပေးတဲ့ဘောလုံးကို အသာလေးနင်းပီး ခင်းပေးပါ… ကိုယ့်ကိုကပ်ထားတဲ့သူကိုပါ တစ်ခါတည်း ဘော်ဒီခုပီး ကာထားပေးရင် 2 ကန်ခွင့်ရပါမယ်…
ဒီနည်းတွေက ပြောတဲ့အခါသာ နည်းနည်းရှုပ်တာပါ… တကယ်ကန်ရင် 3/4 စက္ကန့်အတွင်း လှုပ်ရှားမှုတော်တော်မြန်ပါတယ်… လေ့ကျင့်ရေးပစ္စည်းတွေထဲမှာ လူပုံစံ မတ်တပ် wall တွေရှိတယ်… အဲဒါတွေနဲ့ စနစ်တကျလေ့ကျင့်ထားပါ… လွယ်ကူရိုးရှင်းပီး ထိရောက်တဲ့ အချက်တွေပါ…

ဒါကတော့ နောက်ပုံစံတစ်မျိုးပါ…Wall နှစ်ယောက်နဲ့ပဲ ပြောမှာပါ… ဒီပုံစံနဲ့လည်း နှစ်မျိုးကန်နည်းပြောပြပါ့မယ်…
ပထမတစ်နည်းက ကန်မယ့်သူ 2 ဟာ 3 နဲ့ 4 ရဲ့ Space ထဲကို အလွယ်တကူပေးလို့ရပါတယ်… 3 ကို တကယ်လို့ လူတက်ကပ်တယ်ဆိုရင် 3 က ဘောလုံးနဲ့ 5 မီတာအတွင်းကို ဝင်လိုက်ပါ… သူလိုက်ကပ်လို့မရပါဘူး… 3 ကိုဖြစ်ဖြစ် 4 ကိုဖြစ်ဖြစ် ခင်းပေးတာ တော်တော်ရိုးရှင်းပါတယ်… ကစ်အပြင်းနဲ့ ကန်သွင်းရုံပါပဲ…
ဒုတိယတစ်နည်းက 2 က 5 ကိုပေးမယ်… ပေးပီးတာနဲ့ ပြိုင်ဖက်အနီ 4 တည့်တည့်ကိုပြေးပါ… ကိုယ့်လူ 5 က ဘယ်သန်ဆို ပိုကောင်းပါတယ်…2 က 5 ကိုပေးပီးတာနဲ့ပြေးမယ်… 5 က ဘယ်ခြေနဲ့ ချက်ချင်း 3 ကိုပြန်ခင်းမယ်… 3 အရှေ့မှာ တစ်ယောက်ပဲ ကျန်မယ်… ကိုယ်ကျွမ်းကျင်သလို ကန်ထည့်လို့ရပါပီ…
ဒါကတော့ ကျွန်တော်တို့ သင်ခဲ့ရတုန်းက လေ့ကျင့်ခဲ့ရတဲ့ နည်းစနစ်လေးတွေပါ… တကယ် ကွင်းထဲမှာလည်း တော်တော်အသုံးဝင်ပါတယ်… အသင်းဖော်နဲ့ များများလေ့ကျင့်ဖို့တော့လိုပါတယ်… ထောက်ပြစရာတစ်ချက်ရှိပါတယ်… ဘော်ဒီခုတာပါ… ဘော်ဒီခုတတ်ဖို့လိုပါတယ်… ဘောလုံးပြန်ခင်းတဲ့အခါ ဖဝါးနဲ့ မနင်းပါနဲ့တော့… One touch ပဲ ခြေခွင်နဲ့ ပြန်ပေးပါ… ဘောလုံး မခုန်ပါစေနဲ့… မြေလိမ့်ဘောပဲပေးပါ… ကန်ရလွယ်အောင်ပါ… ဘော်ဒီခုတဲ့အခါ လက်ကို ဆန့်ပီး ကာသင့်ရင် ကာပါ… များသောအားဖြင့် Foul မပေးရပါဘူး… တံတောင်ကွေးပီး သူတွန်း ကိုယ်တွန်း တွန်းတဲ့အခါ လက်ကို မသိမသာ ဆန့်လိုက်ရင် ဝင်လုလို့မရတော့ပါဘူး…

တကယ်လို့များ ပြစ်ဒဏ်ဘောက နီးလွန်းလို့ wall ကို ဂိုးထဲကနေ ကာရတဲ့အခြေအနေဆိုရင် Wall ကာသူတွေရဲ့ မျက်နှာအပေါ်ပိုင်းတွေကို တိုက်ရိုက်အပြင်းသာကန်ပါ… ဂိုးဖို့များပါတယ်…

အားလုံးကိုကျေးဇူးတင်ပါတယ်…

Author – JD

Facebook Page – Soccer Guides

Leave a Reply

Your email address will not be published.

လအလိုက်သတင်းများ

ကဏ္ဍအလိုက်သတင်းများ