Soccer Guides Facebook Page မှ ပြန်လည်ကူးယူတင်ပြပါသည်။

ဆောင်းပါးမရေးခင်မှာ ပြောချင်တာလေးရှိပါတယ်… သူများကို ပေါင်ကြားထဲက ထည့်နိုင်တာဟာ ဂုဏ်ယူစရာမဟုတ်သလို အသင်းအတွက်လည်း အထောက်အကူဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်… ကိုယ့်ရဲ့ Skills ပြချင်စိတ်ကြောင့် ဘောလုံးပျက်ပြီး ဂိုးပေးရတဲ့အထိ ဖြစ်နိုင်တာကို သတိပြုပါ… သူများပေါင်ကြားထဲ ထည့်နိုင်မှ ပိုကောင်းတဲ့သူမဟုတ်ပါဘူး… ကွင်းကြီးမှာတော့ Dribble လုပ်ရင်း အထည့်ခံရရင် ရှက်ဖို့ကောင်းပါတယ်… Pro တွေဆို ဆက်မလိုက်တော့ပဲ ချီးကျူးတတ်ပါတယ်… လက်ခုပ်တီးပီး ဂုဏ်ပြုတာမျိုးလည်းရှိပါတယ်… ဖူဆယ်မှာကတော့ Panna နဲ့ Nutmeg ဆိုတာ ရိုးနေပါပြီ…

ဟုတ်ပြီ… ရေးချင်တာလေးကို စပါ့မယ်… ပေါင်ကြားထဲထည့်တာကို Panna နဲ့ Nutmeg ဆိုပြီး နှစ်မျိုးခေါ်ပါတယ်… တစ်ခုချင်းတော့ နောက်ပိုစ်တစ်ခုမှ ထပ်ရှင်းပြပါ့မယ်… ဒီပိုစ်က Panna or Nutmeg လုပ်လို့ရအောင် တစ်ဖက်လူကို မြှားခေါ်တဲ့နည်းပါ… ဒီလိုလုပ်ရာမှာ အဓိက ခြေထောက်ထိချက် သုံးနေရာရှိပါတယ်… ခြေဖဝါး ခြေခွင် နဲ့ ခြေဖမိုးပါ… ဖူဆယ်ရော ကွင်းကြီးမှာပါ သုံးနေရာလုံးအသုံးဝင်ပါတယ်… တစ်ချို့က ပေါင်ကြားကထုတ်ချင်လို့ တမင်ကို မြှားတာပါ… တစ်ချို့ကတော့ ဖြစ်လာတဲ့ ဟာကွက်ကို အသုံးချလိုက်တာပါ… ကွဲပြားဖို့တော့လိုပါတယ်…Panna လုပ်ရာမှာ အဓိက main point က

  1. သူခြေထောက်ဟအောင်လုပ်ရမယ်
  2. ဖြစ်လာတဲ့ လစ်ဟမှုကို ချက်ချင်းသုံးရမယ်
  3. ဘောလုံးထုတ်ပုံမှန်ကန်ရမယ်
  4. ထိချက်လည်းမှန် အားလည်းမျှရမယ်
  5. ထုတ်ပြီးတာနဲ့ ဘော်ဒီပြန်ခုရမယ်

ဒီအခြေခံလေးချက်ကို အဓိကထားပြီး ပြောပါ့မယ်… ခြေထောက်နဲ့ထိတာက ကိုယ်ကျွမ်းကျင်သလို ကြိုက်တာနဲ့ ထိလို့ရပါတယ်… အခြေအနေပေါ်မူတည်ပီး ထိလို့လည်းရပါတယ်… ပုံသေမမှတ်ပါနဲ့…ကျွန်တော်က main point ကိုပဲ ပြောပြတာပါ… ခြေထောက်ဟအောင် မြှားခေါ်နိုင်မှ ပေါင်ကြားထဲ ထည့်လို့ပိုအဆင်ပြေတာပါ… ဒါပေမယ့်လည်း ကန်နေတုန်းမှာလည်း Defender ရဲ့ အားနည်းချက်ကြောင့်လည်း အများကြီး လစ်ဟာမှုတွေဖြစ်နိုင်ပါတယ်… ဖြစ်လာတာနဲ့ ချက်ချင်းထုတ်နိုင်ဖို့လိုပါတယ်… အဲဒီထုတ်ရင်လည်း ဘောလုံးနဲ့ခြေထောက်ထိချက်မှန်ဖို့လိုပါတယ်… ထိချက်မှန်မှ ဘောလုံးကမှန်မှန်ကန်ကန်ထွက်သွားမှာပါ… ထုတ်ဆိုလည်း အားပါပါထုတ်လို့လည်းမဖြစ်သေးပါဘူး… သူ့နောက်မှာ နောက်တစ်ယောက်ရှိနေသလား မရှိလား ကြည့်ရပါမယ်… ကွင်းကြီးမှာ အရှည်ထုတ်တာအဆင်ပြေပေမယ့် ဖူဆယ်မှာကျတော့ နှစ်ပေ သုံးပေအကွာပဲ ထုတ်တာကောင်းပါတယ်… ဘောလုံးအစထွက်တာများရင် အထောက်ခံရနိုင်ပါတယ်…

ပထမဆုံးပုံကိုကြည့်ပါ… Defender ဟာ ဘောလုံးလာရာကို ဖျက်လုဖို့ကြိုးစားတယ်… Attacker ဆွဲပုံဟာ ဘယ်ညာရိုက်ပီး Defender ရဲ့ ညာဖက်ကနေ ထွက်သွားလို့ရတဲ့အနေအထားပါ… ကိုယ့်က ပေါင်ကြားထဲကထုတ်ချင်ရင် Defender ညာခြေနဲ့လှမ်းထောက်နဲ့အချိန်မှာ အသုံးချပါ… ညာခြေက ဘောလုံးကို လှမ်းထောက်တာနဲ့ ပေါင်ကြား ဟနေပါပြီ… ဒီအနေအထားမှာ အကောင်းဆုံးထိရမှာက ကိုယ်က ညာသန်ဆိုရင် လှမ်းထောက်ချိန်မှာ ခြေဖမိုးနဲ့ထုတ်ပီး Defender ရဲ့ ဘယ်ဖက်ကနေလူထွက် ဖူဆယ်မှာဆို ကန်ရုံပါပဲ… ညာဖက်ကထွက်ချင်တယ်ဆိုရင်တော့ ခြေခွင်နဲ့ ထုတ်လို့ရပါတယ်… ထုတ်ပြီးတာနဲ့ ဘော်ဒီပြန်ခုရမယ်ဆိုတာကတော့ ဘယ်လိုပဲထုတ်ထုတ် ထွက်သွားရင် ဘောလုံးနဲ့ defenderကြားမှာ ဘော်ဒီနေရာယူလိုက်ပါ… ချက်ချင်းပြန်လိုက်လို့မရအောင်ပါ… အကယ်၍ ငြိသွားခဲ့ရင်လည်း ချက်ချင်း Sprint လုပ်ပီး ဘော်ဒီခုပါ… နောက်တန်းမှာရှိနေချိန်ဆို မလုပ်ပါနဲ့… လွတ်သွားရင်ကောင်းပေမယ့် မလွတ်လို့ ကိုယ်လိုက်မမီရင် ဂိုးသမားနာပါလိမ့်မယ်… ပိုဆိုးရင် ဂိုးပေးရပါမယ်… အဲဒီတော့မှ အသင်းသားနဲ့ ပရိတ်သတ်တွေက ကိုယ်×င်ယားလို့ ပေးရတာဆိုပီး အပြစ်ပြောကြပါလိမ့်မယ်…

ဒုတိယပုံကိုကြည့်ပါ… ဘော်ဒီခုထားတဲ့အနေအထားပါ… ဒီအနေအထားက ခြေခွင် နဲ့ ခြေဖဝါးအကောင်းဆုံးပါပဲ… ခြေခွင်နည်းက ဒင်ဟိုစကေးတွေကြည့်ဖူးရင်ဘသိကြပါလိမ့်မယ်… ပုံမှာပြထားတဲ့အနက်ရောင်လေးအတိုင်း ခြေခွင်နဲ့ ဘောလုံးကို ကပ်နေအောင် ဝိုက်ဆွဲသွားတာပါ… Defender ဟာ ကိုယ့်ရှေ့ကဖြတ်ဆွဲပီ အထင်နဲ့ မှားတတ်ပါတယ်… အထင်မှားပီး ပေါင်ဟတာနဲ့ ဆွဲထည့်လိုက်ရုံပါပဲ… နောက်တစ်နည်းကတော့ ကျိန်းသေပေါင်ဟတဲ့နည်းပါ… ဒါကတော့ ခြေဖဝါးနည်းပေါ့… အဖြုူရောင်စည်းလေးကိုကြည့်ပါ… ဘော်ဒီခုထားတဲ့အတိုင်း ပထမဆုံး အဖြူျရောင်ထောင့်လေးရောက်အောင် ဘောလုံးကိုနင်းပီး တစ်ပေလောက် မြှားလိုက်ပါ… ဖူဆယ်မှာဆို Dribble လုပ်သလိုပါပဲ… ထောင့်ကို တစ်ပေလောက်ပဲဆွဲတာနဲ့ သူ့ဘယ်ခြေနဲ့ ဘောလုံးလမ်းကြောင်းကို ကန့်လန့်ခံလိုက်ပါတယ်… ကိုယ့်ခွင်ထဲ တန်းဝင်တာပါ…နင်းထားတဲ့အတိုင်း ပေါင်ကြားထဲ ထည့်လိုက်ရုံပါပဲ…

နောက်ပုံတွေကတော့ မြင်ရုံနဲ့ သိသာစေပါတယ်… Pro တွေ မြှားခေါ်တဲ့ပုံစံနဲ့ ပေါင်ကြားထဲကထုတ်သွားတဲ့ပုံစံလေးတွေကိုတော့ ဒီ Link မှာသွားကြည့်ပေးပါ… Page က Video နဲ့ Photo တွဲတင်လို့မရလို့ပါ…Video လေးထဲမှာ ဖူဆယ်ရော ကွင်းကြီးမှာပါ တမင်မြှားတာရော Defender အမှားကိုပါ အသုံးချထားတာတွေ တွေ့ရပါလိမ့်မယ်… ဒီဟာ နည်းနည်းတော့ရှင်းပြရခက်ပါတယ်… လုပ်ပြဆိုရင် ပုံစံမျိုးစုံနဲ့ သရုပ်ပြတတ်ပေမယ့် စာနဲ့ရှင်းပြဖို့ကျတော့ လိုအပ်ချက်တွေရှိတာမို့ မပြည့်စုံခဲ့ရင် ဖြည့်ဖတ်ပေးကြပါ…

Author – JD
Facebook Page – Soccer Guides
Featured Image by S. Hermann & F. Richter from Pixabay