Soccer Guides Facebook Page မှ ပြန်လည်ကူးယူတင်ပြပါသည်။

Shots မှာ 7 မျိုးလောက်ရှိသေးတယ် … Standard Shots , Straight Shots, Inside Shots, Chip Shots, Toe Shots, Outside Shots, Bending Shots ရယ်လို့ အများကြီးပဲ…
အဲဒီအထဲကမှ Bending Shots လို့ခေါ်တဲ့ Curving Shots အကြောင်းရေးမှာပါ… Curving Shots ဆိုတာက အကွေးကန်တယ် လို့တော့ မခေါ်နဲ့ … ဝေ့ဝိုက်အောင်ကန်တဲ့နည်းလို့ အဓိပ္ပါယ်မှတ်ကြမယ်ဗျာ… Curving Shots ကို Curl or Bend Shots လို့လည်း ခေါ်သေးတယ် … စပိန်လိုကျတော့ Rizo Disparos လို့ခေါ်တယ်… ဘရာဇီးလ်လို Dobrando တဲ့… လေထဲမှာ ဝေ့ဝိုက်ပီး လေးကိုင်းပုံစံ သို့မဟုတ် အဝိုင်းပုံစံလည်ပတ်ပီး ကွေးသွားအောင် ကန်တဲ့ ကန်ချက်တိုင်းဟာ Curving Shots ပါပဲ…

ဒီကန်ချက်ရဲ့ အဓိက သော့ချက်က Spin (လှည့်) တာပဲ… ဘောလုံးကို လည်ပတ်အောင်လှည့်တာ… ရှင်းအောင်ပြောရင် ဝိုက်အောင်ကန်တာ… ဘယ်နေရာတွေမှာတွေ့လဲဆိုတော့ Corners , Passing , Free Kicks တွေမှာတွေ့ရတယ်…
Spin အကြောင်းနည်းနည်းပြောပြမယ်… Spin ကို သုံးမျိုးခွဲထားတယ်… Back Spin ( အရှေ့ အနောက်လည်တာ) Side Spin ( ဘေးတိုက်လည်တာ) Side +Back Spin (ဘေးစောင်းလည်တာ) Spin တွေကို အများဆုံးတွေ့နိုင်တာက ဘိလိယက်နဲ့ တင်းနစ်မှာပဲ…

Curving Shots မှာ Spin တစ်မျိုးတည်းလားဆိုတော့မဟုတ်သေးဘူး… ဖိအား နဲ့ လမ်းကြောင်း ကို ကွေ့ဝိုက်စေတဲ့ သီအိုရီဆိုတာ ရှိတယ် ( မက်ဂ်နက်သီအိုရီပါ) ( ဦးဝန်ရဲ့ ဆောင်းပါးကို လမ်းညွှန်မလို့ ပြန်ရှာတာ မတွေ့တော့လို့ပါ ဦးဝန်က ပိုပီးရှင်းပြနိုင်တယ်) Curving Shots ဆိုတာကတော့ ဒီသီအိုရီအရကမ္ဘာမြေဆွဲအားကို အသုံးချပီး အပေါ်ကိုတက်သမျှ အရာဝတ္ထုတိုင်း ကမ္ဘာမြေပေါ်ပြန်ကျတယ်ဆိုတဲ့အပေါ် Spin ဆိုတဲ့ လည်ပတ်မှုကိုပေါင်းပီး လိုရာကို ဝေ့ဝိုက်လည်ပတ်စေတာမျိုးပါ…

ဆိုလိုတာက ကန်လိုက်တုန်းကတော့ ဘောလုံးဟာ သေနတ်ကျည်ဆန်လို တန်းပီးထွက်သွားတယ်… အပေါ်ကို ဒါမှမဟုတ် ဘေးကို တန်းပီးထွက်သွားပီး မကြာခင်မှာ ကန်တုန်းက ထည့်လိုက်တဲ့ Spinning ကြောင့် Direction ပြောင်းသွားတယ်… ခုနပြောတဲ့ မက်ဂ်နက်သီအိုရီရဲ့ Magnus Force အဲဒီမှာဖြစ်ပေါ်လာတာ … ဘောလုံးရဲ့ အရွယ်အစားအလိုက် ဝေ့ဝိုက်မှုဟာ အမျိုးမျိုးကွဲပြားတယ်…

Curving Shots တွေရဲ့ ဘုရင်ကတော့ ဒေးဗစ်ဘက်ခမ်းပဲ… ဒါပေမယ့် သူကန်သမျှတိုင်းတော့ Curving Shots မဟုတ်ဘူး… Chip Shots တွေလည်းရှိတယ်… 1997 တုန်းက ချယ်ဆီးဘက်ကို သူကန်တဲ့ Curving Shots ရဲ့ မြန်နှုန်းဟာ 97.9 mph လောက်ရှိတယ်… ဒါပေမယ့် ဒေးဗစ်က ပြင်းအားထက် တိကျမှုကို ပိုအလေးထားတယ် … သူ့ကန်ချက်အများစုက သိပ်ပြင်းလေ့မရှိဘူး… နောက်ထပ်တစ်ယောက်က ရောဘတ်တိုကားလိုစ် … သူကျတော့ 85.2 mph လောက်မြန်တယ်… နောက်တစ်ယောက်က ထရက်ဇီးဂေး… ဗန်ပါစီ အဲလက်စ် တို့လည်း Curving Shots ကန်ရမှာကောင်းပါတယ် …လက်ရှိဆိုရင်တော့ မက်ဆီပေါ့… ထရက်ဇီဂေးက မိုနာကိုမှာတုန်းက ယူနိုက်တက်ကိုသွင်းခဲ့ဲ့တဲ့ဂိုးဟာ UCL သမိုင်းတလျှောက် အမြန်ဆုံးဂိုးဖြစ်ခဲ့တယ်… မြန်နှုန်းက 98 mph လောက်ရှိခဲ့တာ…

ဒီလောက်ဆို Curving Shots အကြောင်းနည်းနည်းတော့ သိလောက်မယ်ထင်ပါရဲ့ … အခု ဘယ်လိုကန်ရမလဲ ? ဘာလိုအပ်သလဲ ပြောပါ့မယ်…

http://gty.im/157277120

(မေးထားတဲ့ Bro က ဒေးဗစ်ဘက်ခမ်းရဲ့ပုံစံဖြစ်တဲ့အတွက် ဒေးဗစ်ပုံစံပဲ ပြောပါ့မယ်) ပထမဆုံးဘောလုံးကို စတည်ပါ… အရှေ့ ပေ 30 အကွာမှာ လူတစ်ရပ်စာ Closer Stand တစ်ခုထားပါ… လူလေးယောက်စာ 8 ပေခန့်ရှိပါစေ… ကန်မယ့်သူဟာ နေရာယူတဲ့အခါ ဂိုးကို မျက်နှာတည့်တည့်မနေရဘူး… ကိုယ်ကန်ရမယ်နေရာဟာ ဂိုးရှေ့တည့်တည့်မှာဖြစ်ခဲ့ရင် ဂိုးနဲ့ မျက်စာင်းထိုးအနေအထားစောင်းလိုက်… ဒီလိုမှ Spin ထည့်လို့ ပိုအဆင်ပြေမှာ … ပီးတော့ ဘောလုံးနဲ့ 7 ပေကနေ 10 ပေလောက်အထိ အကွာအဝေးယူပါ… ကန်တဲ့အခါ တည်ခြေကို ဘောလုံးနဲ့ တစ်တန်းတည်းအနေအထား ( ဘောလုံးနဲ့ 8 လက်မ မှ တစ်ပေခန့်အကွာ) မှာထားပါ… တကယ်ကန်တဲ့အချိန်မှာ ဒေးဗစ်ရဲ့ Body Tendency (ခန္ဓာကိုယ်ယိမ်းယိုင်မှု) အတိုင်း ဖြစ်နေပါစေ… ဘယ်ဘက်လက်ဟာ စကန်တဲ့အချိန်မှာ အရှေ့အပေါ်ကို မြောက်သွားပီး ကန်ပီးတဲ့အချိန်မှာ ဘယ်ဘက်အနောက်ကို လွှဲရပါမယ်…

curving shots

ကန်ရမယ့် ပုံစံက Subject C ရဲ့ ပုံစံနဲ့ ကန်ရမယ်( ခြေခွင်သီးသန့်ပါ ခြေဖမိုးကိုပြောတာမဟုတ်ပါဘူး ) အပေါ် C မှာက ကိုယ့်ဖိနပ်(ခြေထောက်မှာ ထိရမယ့် နေရာကို ပြထားတာပါ… ပီးခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ ရေးထားတဲ့ နံပါတ် 2 နေရာ ခြေခွင်ဖျားနဲ့ဖြစ်ပါတယ်… C ရဲ့ အောက်တည့်တည့်ပုံမှာ ပြထားတာက ဘောလုံးမှာ ထိရမယ့် နေရာဖြစ်ပါတယ်… ဘောလုံးရဲ့ ညာဘက်ဘေး အောက်နားကိုပါ … အဲဒီဆောင်းပါးဖတ်ထားသူတွေမြင်အောင်ပြောရရင် D line -2 နေရာနဲ့ C line -2 နှစ်ခုကြားကို ကန်ရမှာဖြစ်ပါတယ်.…

forces on a soccer ball

ကန်မယ့်သူဟာ စိတ်ထဲမှာ ဘောလုံးရဲ့ အလယ်မှာ ဘောလုံးလည်ပတ်ဖို့ ဝင်ရိုးတစ်ချောင်းရှိတယ်လို့ယူဆပါ… စကန်လိုက်တဲ့အချိန်မှာ ထည့်လိုက်တဲ့ Kick Force ကြောင့် ဘောလုံးထဲမှာရှိတဲ့လေနဲ့ အပြင်က လေဖိအား တွန်းကန်အားကနေ မူလ ဦးတည်ရာကနေ Direction ပြောင်းသွားပါလိမ့်မယ်… မိမိစဉ်းစားရမှာက ဘောလုံးကို လည်အောင် ဘယ်လိုလှည့်မလဲလို့ စဉ်းစားရမှာ… ဝင်ရိုးမှာတပ်ထားတဲ့ ဘောလုံးကိုလည်ဖို့ဆို ပွတ်ပီး လှည့်ရုံပဲ … အဲဒီမှာ ထည့်တဲ့ အားပေါ်မူတည်ပီး များများအားစိုက်လေ များများလည်လေပါ… များများလည်လေ လေဖိအားပိုများပီး လမ်းကြောင်း ပိုပြောင်းလေပါပဲ …

ကန်တဲ့အခါ လေတိုက်နှုန်းနဲ့ လေတိုက်တဲ့လမ်းကြောင်းကို သတိထားပါ …လေက ဆန်တိုက်ရင် ဘောလုံးသွားတဲ့ Speed ပျော့သွားနိုင်ပါတယ် စုန်တိုက်ရင် လိုရာခရီးကို မှန်းထားတဲ့ Direction ထက်ပိုဝေးသွားနိုင်တယ် ဘေးကတိုက်တာဆိုရင်လည်း Direction လွှဲနိုင်တယ် လမ်းကြောင်းအလိုက် အတင်အချလေးကန်တတ်ဖို့လိုတယ်

Author – JD
Facebook Page – Soccer Guides