Curving Shots

tk Soccer Guides Leave a Comment

Soccer Guides Facebook Page မှ ပြန်လည်ကူးယူတင်ပြပါသည်။ Shots မှာ 7 မျိုးလောက်ရှိသေးတယ် … Standard Shots , Straight Shots, Inside Shots, Chip Shots, Toe Shots, Outside Shots, Bending Shots ရယ်လို့ အများကြီးပဲ… အဲဒီအထဲကမှ Bending Shots လို့ခေါ်တဲ့ Curving Shots အကြောင်းရေးမှာပါ… Curving Shots ဆိုတာက အကွေးကန်တယ် လို့တော့ မခေါ်နဲ့ … ဝေ့ဝိုက်အောင်ကန်တဲ့နည်းလို့ အဓိပ္ပါယ်မှတ်ကြမယ်ဗျာ… Curving Shots ကို Curl or Bend Shots လို့လည်း ခေါ်သေးတယ် … စပိန်လိုကျတော့ Rizo Disparos လို့ခေါ်တယ်… ဘရာဇီးလ်လို Dobrando …

Offensive Shape (အသင်းလိုက်နေရာယူမှု)

tk Soccer Guides Leave a Comment

Soccer Guides Facebook Page မှ ပြန်လည်ကူးယူတင်ပြပါသည်။ အသင်းလိုက်နေရာယူမှုအကြောင်းကို နှစ်ပိုင်းခွဲပီး ပြောပါ့မယ်… Offensive shape နဲ့ Defensive shape ဆိုပီး ခွဲရေးမှာပါ… အခု Offensive shape ကိုအရင်ပြောမယ်… နံပါတ်နဲ့ Position တွေ လွဲတယ်ထင်မှာစိုးလို့ 4 နဲ့ 5 ကို Side Back တွေလို့ မှတ်ထားပီး 2 နဲ့ 3 ကို CB လို့ သိထားပေးပါ… 6 / 8 က CM / 9 က SS / 10 က CF ပါ/ 7/11 ကတော့ Winger တွေလို့ မှတ်ပေးပါ… 4-4-2 ကို …

ဖူဆယ်မှာ ပြစ်ဒဏ်ဘောကန်နည်း

tk Soccer Guides Leave a Comment

Soccer Guides Facebook Page မှ ပြန်လည်ကူးယူတင်ပြပါသည်။ ဖူဆယ်ဟာ Football မှာလို Wall အရမ်းမဝေးတော့ ပြစ်ဒဏ်ဘောကန်တဲ့အခါ ဗျူဟာလေးတွေရှိပါတယ်… သေချာကတော့ လူတံတိုင်းဟာ ဂိုးအထဲနဲ့ ဂိုးအရှေ့အရမ်းနီးကပ်လွန်းတဲ့နေရာမှာ မဟုတ်ခဲ့ရင် တိုက်ရိုက်အပေါ်ဘော မကန်ကြပါဘူး… ကန်သင့်တဲ့ အနေအထားလေးတွေနဲ့ လူနေရာယူပုံလေးတွေကို ပြောပြပါ့မယ်…အခုပြောမယ့်နည်းတွေက Indirect နည်းပါ… Direct ကန်လို့လည်းရပါတယ်… Wall Stand က နှစ်ယောက်ကာရင် တိုက်ရိုက်ကန်ဖို့မလွယ်ပါဘူး… ပုံတစ်ပုံချင်းစီမှာ ရှင်းပြထားပါတယ်… အရင်ဆုံး 5 နဲ့ 6 ဟာ တစ်ယောက်တည်းလို့ မှတ်ပေးပါ… နေရာအပြောင်းအလဲကြောင့် ခွဲထားတာပါ… နေရာယူပုံကတော့ ပုံကိုကြည့်တာနဲ့ သိသာပါတယ်… 2 နဲ့ 5 က ကန်မယ့်နေရာမှာ နေမယ်… ဘောလုံးနဲ့ 5 မီတာအတွင်းကို ပြိုင်ဖက်ဝင်လို့မရပါဘူး… 3 နဲ့ 4 …

ဇန်နဝါရီတွင် ကစားသမား-နည်းပြအဖြစ် ဒါဘီကောင်တီသို့ပြောင်းရွှေ့မည့် ဝိန်းရွန်နေ

tk EPL, News Leave a Comment

ဒီစီယူနိုက်တက်အသင်းတိုက်စစ်မှူး ဝိန်းရွန်းနေသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမား-နည်းပြအဖြစ် ဒါဘီအသင်းသို့ (၁၈) လစာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဒါဘီအသင်းမှ အတည်ပြုထုတ်ပြန်ခဲ့သည်။ အသင်းမန်နေဂျာဖြစ်သူ ဖိလစ်ပီကိုကူးက … ” ဝိန်းဟာအရမ်းကောင်းတဲ့ ထိပ်တန်းကစားသမားတစ်ယောက်ပါ… သူဒီကိုရောက်လာမယ့်အချိန်ကို စောင့်မျှော်ရတာ ရင်ခုန်စရာကောင်းပါတယ်… သူကကျွန်တော်တို့အတွက် အကျိုးရှိစေပါလိမ့်မယ်… ကလပ်အသင်းမှာရော အင်္ဂလန်အသင်းမှာပါ အရမ်းကောင်းတဲ့ကစားသမားအဖြစ် သက်သေပြနိုင်ခဲ့သလို အခုထိလဲဒီအရည်အသွေးမျိုးသူ့မှာကျန်နေပါသေးတယ်…” ရွန်းနေ၏အင်္ဂလန်အသင်းဖော်ဟောင်းဖြစ်သူ ဖရန့်လမ်းပတ်သည်လည်း သူ၏နည်းပြဘ၀ကို ယခင်နှစ်ကဒါဘီကောင်တီအသင်းမှာပင် စတင်ခဲ့သည်။ ဝိန်းရွန်းနေက.. ” အခုလိုဒါဘီအသင်းက ကမ်းလှမ်းမှုအပေါ် စိတ်လှုပ်ရှားမိပါတယ်… ဇန်နဝါရီမှာ အသင်းနဲ့ပူးပေါင်းဖို့ မစောင့်နိုင်လောက်အောင်ပါပဲ… ကျွန်တော့်အတွေ့အကြုံတွေက ဒါဘီအသင်းအတွက် ကောင်းကောင်းအထောက်အကူဖြစ်စေလိမ့်မယ်လို့ သေချာပြောနိုင်ပါတယ်… ” ဟုဆိုခဲ့သည်။ ဝိန်းရွန်းနေသည် မန်ချက်စတာယူနိုက်တက်အသင်းမှ ကစားသမားဘ၀စတင်ရာ အဲဗာတန်အသင်းသို့ပြောင်းရွှေ့ကစားခဲ့ပြီး ယခင်နှစ်နွေရာသီကမှ ဒီစီယူနိုက်တက်နှင့် ၃နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုမှတစ်ဆင့် ယခုဇန်နဝါရီတွင် ဒါဘီသို့ (၁၈)လ စာချုပ်ဖြင့်ပြောင်းရွှေ့ရန် အကြိုသဘောတူညီခဲ့ခြင်းဖြစ်သည်။ ကစားသမားသက်တမ်းတလျှောက် အင်္ဂလန်အသင်းနှင့် …

messi vs ronaldo

လေ့ကျင့်ရေးကွင်းတွင် ဒါဏ်ရာရရှိခဲ့သဖြင့် ဘာစီလိုနာပွဲစဉ်များအား မက်ဆီလွဲချော်မည်

tk La Liga, News Leave a Comment

ဘာစီလိုနာတိုက်စစ်မှုး လီယိုနယ်လ်မက်ဆီ သည် အသင်းနှင့် ပြန်လည်ပူးပေါင်းသည့် ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာပင် ခြေသလုံးကြွက်သားဒါဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ၎င်းအနေဖြင့် ဘာစီလိုနာ၏ အမေရိကန်နိုင်ငံတွင် ယခုတပတ်အတွင်းကစားမည့် နာပိုလီအသင်းနှင့်ပွဲစဉ် (၂) ပွဲအား ဝင်ရောက်ကစားပေးနိုင်တော့မည်မဟုတ်ပေ။ “သူ့ရဲ့ ညာဘက်ခြေထောက်ကြွက်သားနာကျင်မှုကြောင့် မက်ဆီအား အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ကြောင်း… ” ဘာစီလိုနာအသင်းက ထုတ်ပြန်ကြော်ငြာခဲ့သည်။ ဆေးစစ်ချက်များအရ ကြွက်သားယောင်ယမ်းဒါဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အသင်း၏ အမေရိကခရီးစဉ်အားမလိုက်ပါသွားပဲ ဘာစီလိုနာတွင်သာကုသမှုခံယူမည်ဖြစ်သည်။ ပြန်လည်ကစားနိုင်မည့်အချိန်မှာမူ ၎င်း၏ဒါဏ်ရာမှသက်သာလာမည့် အခြေအနေပေါ်မူတည်နေကြောင်း သိရှိရသည်။

စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မက်ဂွာရီ အား မန်ချက်စတာယူနိုက်တက်ခေါ်ယူ

tk EPL, News Leave a Comment

မန်ချက်စတာယူနိုက်တက်အသင်းသည် လက်စတာစီးတီးမှ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွာရီအား (၆) နှစ်စာချုပ်ဖြင့် ခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည်။ သောကြာနေ့​သတင်းများအရ ယူနိုက်တက်သည် လက်စတာအသင်းတောင်းဆိုသည့် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၈၀)အား ပေးချေရန်သဘောတူညီခဲ့ပြီးနောက် ယင်းပမာဏသည် (၂၀၁၈) ခုနှစ်က လစ်ဗာပူးလ်အသင်း ဗန်ဒိုက်အတွက် ပေးချေခဲ့ရသည့် ပေါင် (၇၅) သန်းကိုကျော်လွန်ကာ နောက်ခံလူတစ်ယောက်အတွက် အမြင့်ဆုံးစံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာခဲ့သည်။ 🔊 New player, same #MUFC DNA 🧬 Our first interview with @HarryMaguire93 is not to be missed 👇 — Manchester United (@ManUtd) August 5, 2019 “ယူနိုက်တက်လို ကြီးကျယ်ခမ်းနားတဲ့အသင်းနဲ့ စာချုပ်ချုပ်နိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်မိပါတယ်…” “လက်စတာမှာရှိနေခဲ့တဲ့အချိန်တစ်လျှောက်လုံး ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်… လွန်ခဲ့တဲ့ (၂) …

မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ

tk EPL, News Leave a Comment

လက်စတာနောက်ခံကစားသမား မက်ဂွာရီ အတွက် မန်ချက်စတာယူနိုက်တက်အသင်းနှင့် လက်စတာအသင်းတို့ ဆွေးနွေးနေပြီဖြစ်သော်လည်း ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမရနိုင်သေးကြောင်း သိရှိရသည်။ ယူနိုက်တက်အသင်းအနေဖြင့် မက်ဂွာရီအတွက် ယူရို သန်း (၇၀) + အပိုဆုကြေး (၁၀) သန်း စုစုပေါင်း ယူရို သန်း(၈၀) ဖြင့်ကမ်းလှမ်းခဲ့သော်လည်း လက်စတာအသင်းဘက်မှ ယူရို(၈၅) သန်းအပြင် စွမ်းဆောင်ရည်ပေါ်မူတည်၍ နောက်ထပ် (၁၀) သန်း စုစုပေါင်း (၉၅) သန်းထိအလိုရှိနေသည်။ မနှစ်နွေရာသီက ယူနိုက်တက်သို့ ပြောင်းရွှေ့ရန်လွဲချော်ခဲ့ပြီးနောက် မက်ဂွာရီအနေဖြင့် ယခုနှစ်တွင်သွားရောက်ပူးပေါင်းလိုကြောင်း လက်စတာတာဝန်ရှိသူများအား ပြောကြားထားပြီးဖြစ်သည်။ ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူသည် အဖျားရောဂါကြောင့် တနင်္လာနေ့လေ့ကျင့်ခန်းအစီအစဉ်များကိုလွဲချော်ခဲ့ပြီး အင်္ဂါနေ့တွင်လေ့ကျင့်ခန်းပြန်ဆင်းခဲ့သော်လည်း အတ္တလန်တာအသင်းနှင့် ခြေစမ်းပွဲတွင်ပါဝင်ကစားမည်မဟုတ်ပေ။ အပြောင်းအရွှေ့ရာသီပိတ်သမ်းရန် တစ်ပတ်ခန့်သာလိုတော့ချိန်တွင် ယူနိုက်တက်တို့အနေဖြင့် စျေးကွက်တွင်း အလိုရှိသည့်ကစားသမားများအား ခေါ်ယူရန်ခက်ခဲလျှက်ရှိပြီး လက်ရှိတွင် မက်ဂွာရီအား အဓိကပစ်မှတ်ထားကြိုးစားနေသော်လည်း နာပိုလီအသင်းမှ ကူလီဘလီကိုလည်း စိတ်ဝင်စားလျှက်ရှိနေကြောင်းသိရှိရသည်။ အခြားသတင်းတရပ်အနေဖြင့် …